Sunday, 8 April 2012

The Foundation of Screenplay by SYD FIELD 4

Subject ကိုဘယ်ကရမလဲ?
              


                  ပြီးခဲ့တဲ့ post မှာပြောခဲ့သလို subject ကို ပြန်ခွဲမယ်ဆိုရင် action နဲ့ character ဆိုပြီးရပါတယ်။အဲဒီမှာ Action ကိုပြန်ပြီးလေ့လာမယ် ဆိုရင် physical နဲ့ emotional ဆိုပြီးအထက်ပါပုံအတိုင်း နှစ်မျိုးရှိတာကိုတွေ့ရပါမယ်။physical action ဆိုတာကတော့ ကွျှန်တော်တို့ ဟောလီဝုဒ် ရုပ်ရှင်တွေမှာ အတွေ့များတဲ့ စစ်မြေပြင်ခန်းတို့၊သေနတ်ပစ်ခန်းတို့ အဲလိုအက်ရှင်မျိုးတွေပါ။ပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု မျိုးတွေဖြစ်ပါတယ်။အဲဒါတွေကလည်း ဇတ်ညွန်းထဲထည့်ရေးရတာကိုး။အဲ emotional action ဆိုတာကတော့ ဇတ်ကောင်ရဲ့စတ်ထဲမှာ ခံစားနေရတာကိုပြတာပါ။အချို့ဇတ်လမ်းတွေမှာ အဲဒီ emotional နဲ့ပတ်သတ်တာကို ပိုပြီးအသားပေးထားတာလည်းတွေ့နိုင်ပါတယ်။အဲဒီတော့ ရုပ်ရှင် တော်တော်များများမှာ physical ရော emotional ရောကိုသူနေရာနဲ့သူ ဖြစ်အောင်ဇတ်ညွန်းရေးသူက အကွက်ကျကျ တင်ဆပ်ရေးသားထားတာ ကိုတွေ့ရမှာဖြစ်ပါတယ်။အဲဒါကတော့ ဇတ်ညွန်းရေးသားသူရဲ့ ကျွမ်းကျင်လိမ္မာ မှုပေါ်မှာမူတည်ပါတယ်။
                   အဲဒီတော့ ကိုယ်ကဘယ်ဇတ်ကိုရေးမှာလဲ။ခပ်ကြမ်းကြမ်း အက်ရှင် ဇတ်လမ်းလား ဒါမှမဟုတ်
အချစ်ဇတ်လမ်းတို့လို မိသားစုပြသနာ တို့လို စိတ်ပိုင်းဆိုင်ရာခံစားမှုကို ဦးစားပေးတဲ့ဇတ်မျိုးလား။ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုယ် ပါ။အဲဒီလို ကိုယ်ကဘယ်လို သရုပ်ကိုရေးမှာလည်းဆိုတာ ပိုင်ပိုင်နိုင်နိုင်သိတော့မှ ကိုယ့်ရဲ့ ဇတ်ကောင်စရိုက် ထဲ ဝင်ခံစားပြီးရေးလို့ အဆင်ပြေတော့မှာပေါ့။
               ပထမဦးဆုံး ကိုယ့်ဘယ်လိုဇတ် ကိုရေးတော့မယ်ဆိုတာသိပြီဆိုရင် ကိုယ့်ဇတ်ကောင် က ဘာဖြစ်ချင်တာလည်းဆိုတာအရင် ဖော်ထုပ်ရပါမယ်။သူဘာဖြစ်ချင်တာလဲ ဘာလိုအပ်တာလဲ ။အဲဒါတွေကိုရော ဘယ်ပုံဘယ်နည်း နောက်ဆုံး ရရှိအဆင်ပြေမှာလဲ။အဲဒီလိုကိုယ့် ဇတ်ကောင်ရဲ့ လိုအပ်ချက်
ကို သေချာသိတော့မှ သူဘယ်လိုအောင်မြင်မလဲ ဘယ်လို ပန်းတိုင်ကိုရောက်မလဲ (သို့)ဘယ်လို သူ့ လိုအပ်ချက်တွေ ပန်းတိုင်တွေ လွဲချော်ကျရှုံးမလဲ ဆိုတာ ကိုမြင်လာနိုင်မှာဖြစ်ပါတယ်။အဲဒီလိုမြင်တော့မှ
လည်း သူ့ပန်းတိုင် ကိုမရောက်ခင်ဘယ် လိုအခက်ခဲတွေကို ဇတ်ညွန်းရေးသမား ကဖန်းတီး ပေးရမလဲဆို
တာကိုသိလာမှာဖြစ်ပါတယ်။ဒီနေရာမှပြန်သတိရရမှာက "all drama is conflict" ဆိုတာပါ။ဇတ်ကိုအဲလို
လေးတွေအခက်ခဲလေးတွေဖန်တီး ပေးပြီး ဇတ်ကောင် က ဖြေရှင်း၊ နောက်ဆုံး သူ့ပန်းတိုင်ရောက် ဒါမှမဟုတ် လည်း လွဲချော်ကျဆုံး အဲလို အဲလိုတွေဖြစ်အောင် ဖန်တီးပေးဖို့ ကဇတ်ညွန်းရေးသူရဲ့ တာဝန် ပင်ဖြစ်ပါတော့တယ်။ဇတ်ညွန်းကောင်း တစ်ပုဒ်ဆိုရင် ဇတ်ညွန်းဖတ်သူက  ဘာဖြစ်မှာလဲ  ဘာဖြစ်မှလဲ ဆိုတဲ့ သိချင်ဇော နဲ့ တစ်ရွက်ပြီးတစ်ရွက် အငမ်းမရလှန်ပြိးဖတ်ချင်နေအောင်ရေးရပါမယ်။အဲလိုဖြစ်ဖို့ဆိုတာ
ကလည်းအထက်ကတင်ပြသွားသလို ကိုယ့်ဇတ်လမ်း ( subject = Action + Character) ကို သိမှလည်း အကွက်ကျကျ ဖန်းတီးပြီး ဇတ်လမ်းဆင်ရေးနိုင်မှာဖြစ်ပါတယ်။နယူတန်ရဲ့ နိယာမအရ ဘယ်လိုအကြောင်း ကြာင့်  ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာပါပဲ။ဇတ်ညွန်းမှာ တော့ ဘယ် Action ကြောင့် ဘယ်လို Reaction ရှိမလဲပေါ့။ထပ်ရှင်းအောင်ပြောရရင် ဇတ်ကောင်က ဘာအတွက်လုပ်သလဲဘယ်လို အခက် ခဲ ကြောင့် သူဘယ်လိုဖြေရှင်းလဲ ၊အဲဒီလိုလုပ်တော့ဘာဆက်ဖြစ်လဲ အဲလို သူဟာနဲ့သူလေး  ဆက်စပ်ဖြစ်လာ အောင် ရေးသားရမှာဖြစ်ပါတယ်။အဲဒီလိုရေးတယ်ဆိုရာမှာလည်း ဒီလိုလေး  လုပ်ရင်ဖြင့် ကောင်းမှာပဲ ဆိုတာထက် မိမိကိုယ်တိုင်ဖန်တီးထားတဲ့ ဇတ်ကောင်က သူစရိုက်အရ ကိုက အဲလိုလုပ်ဖို့ အကြောင်းဖန်လာ တာမျိုး ပိုဖြစ်သင့်ပါတယ်။အဲဒါကြောင့်ကျွန်တော်တိုက ဇတ်ကောင် ကိုတကူးတကသေချာ ဖန်တီး ထားတာပေါ့ ။ဒါကြောင့်လည်း အဲဒီ charater ဆိုတဲ့အကြောင်းထပ်တလဲလဲ သူက  (syed field) ပြောတာဖြစ်ပါတယ်။ဥပမာ ကျွန်တော် တို့ကဖဲသမားတစ်ယောက် ဖဲရုံးလို့ အကြွေးတင်သည်ဆိုပါစို့။သူရဲ့ Character ကလောင်းကစားသမား သူရဲ့ လိုအပ်မှု ( dramatic need) ကအကြွေးဆပ်ဖို့။ကဲအဲဒီတော့ သူ့ရဲ့ Action ကဘာဖြစ်မလဲ။ကျွန်တော်တို့အတွေးနဲ့ သူအလုပ်ကြိုးစားပြီး ပိုက်ဆံစု အကြွေးကျေအောင်ပြန်
ဆပ်သွားလုပ်လို့မရဘူး။သူ့ရဲ့စရိုက်အရသူ အဲလိုလုပ်ဖို့မလွယ်ဘူး။သူလုပ်မှာက ငွေမျောငွေနဲ့လိုက်ရင်လိုက်
ဒါမှမဟုတ် မိုက်မိုက်ကန်းကန်း ခိုးဆိုးလုယက်မှဖြစ်မယ်။အဲဒီလိုမဖြစ်စေချင်ဘူးဆိုရင် သူ့အတွက်ကွျှန်တော်
တို့က turning point တစ်ခု plot point တစ်ခုဖန်တီးပေးမှသူပြောင်းလဲသွားမယ်။ဆိုပါတော့ သူအဲလိုမိုက်
မိုက်ကန်းကန်း လုပ်ဖို့ကြံစီရင်း နောင်တရဖွယ် အဖြစ်ပျက်တစ်ခုက သူကိုလူကောင်းဖြစ်အောင် တွန်းပို့လိုက်တဲ့plot point တစ်ခုကျွန်တော်တို့ကဖန်တီးပေးမှဖြစ်မှာပါ။ကဲအဲဒီတော့ ဟုတ်ပီ ကျွန်တော့်တို့ဘယ်လိုဘယ်ပုံဇတ်လမ်းဆင်ရမလဲ သဘောပေါက်ပြီဆိုရင် ပြသနာကစပါပြီ။ဘယ်ဇတ်လမ်းကို ဘယ် လိုဆင်ရပါ့။တနည်း ဘယ်subject ကို ဘယ်လို Action နဲ့ Character ပေါင်းပြီးရေးရမတုန်း။အဲဒီတော့ Subject အရှာထွက်ရအောင်...
               အရှာထွက်မယ် ဆိုလို့ အိပ်ရာလိပ်ပြီးထမင်းထုပ်ဆွဲစရာမလိုပါ။ကွျှန်တောတို့ပါတ်ဝန်းကျင်မှာ
မရေမတွက်နိုင်တဲ့ အကြောင်းအရာ တွေအများကြီးရှိပါတယ်။နောက်ဆုံးနေ့စဉ်သတင်းစာ ဂျာနယ်ကအစ
ရေးစရာတွေတစ်ပုံတပင်ပါ။မိမိ ကသာ ဇတ်ညွန်းအမြင်နဲ့ချဉ်းကပ်ဖို့ပဲလိုတာပါ။ဥပမာ ကောင်မလေး
တစ်ယောက်ရည်းစာနဲ့ပြတ်လို့ တိုက်ပေါ်ကခုန်ချသည်ဆိုသောတင်း သတင်းစာတစ်ခုထဲတွေပြီဆိုပါစို့။အဲဒါ ကိုကျွန်တော်တို့ က Subject ယူပြီး Action နဲ့ Character အားဖြင့်ပြန်ခွဲကြည့်မယ်ဆိုရင်။Subject က ကောင်းမလေး သူ့ရည်းစားနဲ့ပြတ်လို့တိုက်ပေါ်ကခုန်ချသည်။ဟုတ်ပြီ Action ကတိုက်ပေါ်ကခုန်ချခြင်း physical Action လို့ပြောရင်ပိုမှန်မယ်။ Emotional က သူရည်းစားနဲ့ပြတ်လို့ သူ့မှာ သေချင်လောက်အောင်ခံစားရတဲ့ စိတ်ခံစားမှုု။ Character ကကောင်မ လေး။အဲဒီလိုခွဲခြမ်း စိတ်ဖြာလိုက်ပြီးတော့ ကျွန်တော်တို့က ရည်းစားနဲ့ပြတ်တာ နဲ့သေလောက်အောင် ခံစား  ရတဲ့  ကောင်မလေးရဲ့ စိတ်ပိုင်းဆိုင်ရာ နောက်ခံအကြောင်း။ဒီအခြေနေထိရောင်အောင်(သို့)သေအောင်သူ  နဲ့သူ့ကောင်လေးရဲ့ ဇတ်လမ်းကဘယ် သို့ ဘယ်ပုံ။ဒီလိုဖြစ်ဖို့အဘယ်သို့ သော အကြောင်းရာတွေ ကဖန်လာ တာလည်း။ ဒီလိုထိလုပ်ရအောင် သူရဲ့အခက်ခဲကဘာလဲ။အဲဒီလိုတွေ subject ကို Action and Characterခွဲခြမ်းစိပ်ဖြာပြီးရှင်းရှင်းကြီးသိပီဆို  အဲလိုဖြစ်အောင်ဘယ်လိုကိစ္စလေးတွေ plot point လေးတွေဖန်တီးပေးရင်ကောင်းမလဲဆိုတာ ပေါ်လာ ပါလိမ့်မယ်။               
                  ဝန်ခံချက်၊၊  ၊၊ ကျွန်တော် ဒီ post ကိုစတင်ကတည်းကပြောခဲ့သည့်အတိုင်း လေ့လာမိသလိုတင်ပြခြင်းဖြစ်ပါတယ်။ဥပမာများမှာလည်း ကျွန်တောပြန်လည် Exercise လုပ်သောလေ့ကျင့်ခန်းများမှ ထုပ်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။မူရင်းစာအုပ်ထဲမှာ ရုပ်ရှင်ဇတ်ကားများဖြင့် ဥပမာပေးထားသော်လည်း အချိုု့ကားများမှာကျွန်တော်မကြည့်ဖူးသည်က
တစ်ကြောင်း စာဖတ်သူများ မကြည့်ဖြစ်သည့်ကားများဖြစ်နေမည်စိုးသောကြောင့်လည်းတစ်
ကြောင်းအနီးစပ်ဆုံးပိုမိုလွယ်ကူပြီး ကျွန်တော်လက်တွေ့လေ့လာသည့်ပုံစံအတိုင်းရေးထားပါတယ်။မူရင်းစာအုပ်ကိုဖတ်ဖို့လည်းတိုက်တွန်းပါတယ်ခင်ဗျာ


         နောက် post မှာ Character နဲ့ ပတ်သတ်ပြီးဆက်လက်ဖော်ပြသွားပါမယ်။ 

Sunday, 29 January 2012

The Foundation of Screenplay by SYD FIELD 3

၃။ The Subjuct


             ဒီအပိုင်းမှာ Subject အကြောင်းနာမည်ကြီးရုပ်ရှင်များနှင့်ဥပမာပေးဖောြ်ပထားသည်။ထိုရုပ်ရှင်များမှာလည်းဇတ်ညွန်းနည်းပညာကိုလေ့လာသူများအတွက်ကြည့်သင့်ကြည့်ထိုက်သောရုပ်ရှင်ကောင်းများဖြစ် သည့်အတွက် ဥပမာရုပ်ရှင်ကားများအတိုင်းဖော်ပြသွားပါမည်။
         ဒါရိုက်တာ Orsen Welles's ရိုက်ကူးတဲ့ Citizen Kane ဟာပြောစမှတ်ပြုလောက် တဲ့ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ပထမဆုံး Frame မှာတင်ပဲ Mr Kane ရဲ့ဇတ်ရုပ်ကို ထင်သာမြင်သာအောင် ဖော်ပြသွားပါသည်။အဖွင့်ရိုက်ချက်တွင် တောင်ကုန်းပေါ်မှထီးထီးကြီး ရှိနေတဲ့ အိမ်ကြီးမဟာ ကိုနောက်ခံထားပြီး မြူမှုန်များကြားမှ K ဆိုတဲ့ဖောင်းကြွစားလုံးကြီးရေးထွင်းထားတဲ့ ခြံစည်းရိုးမြင့်ကြီး ကိုုရိုက်ပြသွားပါတယ်။ပိုပြီးအသေးစိပ်ပြတဲ့အခါမှာတော့ ထင်းရူးပုံးခွံတွေ၊  ရှေးဟောင်း အနုပညာပစ္စည်းတွေ ဟာပျံ့ကျဲလို့နေပါတယ်၊အဲဒီနောက် အဲဒီအိမ်ကြီးအတွင်းမှာခန်းနားထည် ဝါမှုတွေရှိနေပေမဲ့ အထီကျန်ဆန်နေတာကိုလည်းပြသွားပါတယ်။နောက်တစ်ကဒ်Exterem-Close up shot မှာတော့ Mr Kane ကသူရဲ့နောက်ဆုံးထွက်သက်နှင့် အတူ "Rosebud" ဆိုပြီးညီးတွားပြီးသူလက်ထဲက paper weight ဆီးနှင်းပုံဖန်းလုံးဟာလွတ်ကျကွဲသွားကာ သူရဲ့ငယ်ဘဝကိုစတင်မိတ်ဆက်လိုက်ပါတယ်။အဲဒီမှာမေးခွန်းတွေပေါ်လာပါပြီ Mr Kane ဆိုတာဘယ်သူလဲ၊သူကဘာလဲ၊သူရဲ့နောက်ဆုံးစကား "Rosebud" ဆိုတာကရောဘာလဲ စသည်စသည်ဖြင့်ပေါ်လာပါတော့တယ်။အဲဒါတွေကိုဖြေတဲ့အနေနဲ့ နောက်တစ်ခန်းမှာ သတင်းထောက်တွေ Mr Kane ရဲ့ သတင်းရုပ်ရှင်ကိုကြည့်တဲ့အခန်းကိုကူးသွားပါတယ်။အဲဒီလို Mr Kane ရဲ့သတင်းရုပ်ရှင်ကားကိုပြလိုက်ခြင်းအားဖြင့် Mr Kane ဆိုတာမည်ကဲ့သို့အောင်မြင်ကျော်ကြားခဲ့သူဖြစ်ကြောင်း  Mr Kane ရဲ့ဇတ်ရုပ်ကို အရုပ်တွေနဲ့(told with picture) ၁ မနစ်အတွင်းမိတ် ဆက်ပေးလိုက်ပါတော့တယ်။အဲဒီလို Mr kane ရဲ့ "Rose Bud " ဆိုတာဘာလဲ ဘယ်သူလဲ ဆိုတာ ကိုရှာဖွေဖော်ထုတ်ခြင်း နှင့် အတူ Mr Kane ရဲ့ ဇတ်ကြောင်းဟာ အဲ့ဒီ Citizen kane ဆိုတဲ့ဇတ်လမ်းပင်ဖြစ်ပါတယ်။အဲဒါ ဇတ်ညွန်းရဲ့ Subject ပင်ဖြစ်ပါတယ်။
                      အဲဒီတော့ဇတ်ညွှန်းတစ်ခုဖြစ်လာဖို့ဘာတွေလိုမလဲ။idea ရှိမှဖြစ်တယ်ဆိုတာမှန်ပေမဲ့ အဲဒီ
idea တစ်ခုတည်းနဲ့ ဇတ်ညွန်းတစ်ပုဒ်ကောက်ကာငင်ကာ ရေးလို့မဖြစ်သေးပါဘူး။idea ဆိုတာ အမှန်တော့မှုန်ဝါးဝါး စိတ်ကူးစိတ်သန်းအဆင့်မျှသာရှိပါသေးတယ်။idea သက်သက်မှာ အသေးစိပ် အချက်အလက်၊နက်ရှိုင်းမှု ၊ဇတ်အိမ်တွေ မရှိသေးပါဘူး။ဒါကြောင့်ဇတ်ညွန်း တစ်ပုဒ်ကိုရေး ဖို့ ဆိုရင် idea အပြင် အခြားအချက်တွေပါလိုပါသေးတယ်။
                     ဇတ်ညွန်းတိုင်းမှာ ဇတ်လမ်းက ဘာအကြောင်းလဲ ဆိုတဲ့ Subject ရှိပါတယ်။ကွျှန်တော် တို့ ဇတ်လမ်းတစ်ခုကို ဥပမာအားဖြင့် လူတစ်ယောက်က နေရာတစ်ခုမှာ ကိစ္စတစ်ခုကိုဆောင်ရွက်နေသည် လို့တွေးလိုက်မယ်ဆိုရင် လူတစ်ယောက်ဆိုတာက အဓိကဇတ်ကောင်(main character)ဖြစ်ပြီး ကိစ္စတစ်ခု
ကိုဆောင်ရွက်နေခြင်းမှာ သူ့ရဲ့လုပ်ဆောင်ချက် (Action) ဖြစ်ပါတယ်။ဒါကြောင့် ဇတ်လမ်းတစ်ပုဒ် ရဲ့ရည်ရွယ်ချက် (Subject ) လို့ဆိုလိုက်တာနဲ့ ကွျှန်တော်တို့ဟာ Action နဲ့ Character အကြောင်းကိုပြော
ခြင်းဖြစ်တယ်လို့မှတ်ယူရပါမယ်။
                     ဇတ်ညွန်းတွေက အထက်ကဆိုခဲ့တဲ့ Action နဲ့ Character တွေကို စိတ်ဝင်စားဖွယ်ဖြစ်
အောင်လုပ်ခြင်းပင်ဖြစ်ပါတယ်။ဒါကြောင့် ဇတ်ညွှန်းရေးသူဟာအခြေခံအရေးကြီဆုံး အနေနဲ့သူရဲ့ ဇတ်လမ်း ဟာ ဘယ်သူ့အကြောင်းဖြစ်တယ် ၊ သူဘာတွေဖြစ်တယ် ဆိုတာကိုသိဖို့လိုအပ်ပါတယ်။အဲဒါတွေသိပြီဆိုရင်
စာကြောင်းအနည်းငယ်နဲ့ဖော်ပြနိုင်ပြီလား။ဥပမာ၊  ၊အမျိုးသမီးနှစ်ဦး ရာဇဝတ်မှု တစ်ခု ကျူးလွန်တဲ့ဇတ်
လမ်းကိုရေးမည်ဆိုပါဆို့ အဲဒီ အမျိုးသမီးနှစ်ဦးဟာဘယ်သူလဲ၊ဘယ်ကလဲ ၊ သူတို့ရဲ့နောက်ကြောင်းရာဇဝင်
ကရောဘာလဲ ၊ ပြီးတော့သူတို့ဘာ ရာဇဝတ်မှု ကိုကျူးလွန်တာလဲ ဘာလို့လဲ ၊နောက်ဆုံးဘယ်လိုဖြစ်သွားလဲ  အဲဒီလိုမေးခွန်းတွေကို ဖြေပြီး လိုအပ်တဲ့ အချက်လက်တွေကို ရတော့မှဇတ်ညွန်းတစ်ပုဒ်ကို ရေးဖို့ ယုံကြည်
စိတ်ချမှု ရနိုုင်ပါမယ်။ကိုယ်ဘာရေးရမယ်ဆိုတာကိုသိတော့မှ ဘယ်လိုအကောင်းဆုံးရေးမလဲ ဆိုတာကို စဉ်းစားလို့ရပါမယ်။
                    ဒါကြောင့် ဇတ်ညွန်းတစ်ခုရေးတော့မယ်ဆိုရင်း Subject ကိုဦးစွာသိရပါမယ်။ဥပမာ The Last Samurai  ရဲ့Subject ဟာ မတရားစစ်မှာပါဝင်ဖို့ ဂျပန်ကိုရောက်လာခဲ့တဲ့ ကြေးစားစစ်သည် Tom Cruz ဟာ သူရဲ့ ရန်သူဖြစ် တဲ့ ဆာမူရိုင်းစစ်သည်တွေကြောင့် နောက်ဆုံး ပြောင်းလည်းသွားရပုံဖြစ်သည်။character ကကြေးစားစစ်သည် ဖြစ်ပြီး ၊ Action က သူမည်သို့မည်ပုံပြောင်းလဲသွားသည်ဆိုသော ကိုယ်၊စိတ်၊အမူရာ ပြောင်းလဲပုံဖြစ်သည်။ဒါဟာ ဇတ်လမ်းရဲ့အပြင်ပန်းသဘောသာဖြစ်ပြီး အတွင်းပိုင်းမှာတော့
အမေရိကန်စစ်ဘက်အကြံပေးအရာရှိဟာ သစ္စာစောင့် သိမှု အကြောင်းသင်ခန်းစာရသွားပုံဖြစ်သည်။
                     ထို့အတူ Cold Mountain ဇတ်ကားဟာလည်း Inman ရဲ့သူချစ်သူရှိရာ မြို့လေးကိုပြန်လာ
တဲ့အကြောင်းကသူ့ ရဲ့ Subjet ဖြစ်ပါတယ်။လေးနက်တဲ့သဘောမှာတော့ ရင်ထဲကပျော်စရာမြို့လေး၊အချစ်
တွေပြည့်နှက်နေတဲ့မြို့လေး၊နိုင်ငံရေးသုတ်သင်ရှင်းလင်းမှုနဲ့သတ်ဖြတ်မှုတွေ ၊ စစ်ရဲ့အငြင်းပွားမှုတွေ မရှိခင်က အေးချမ်းဖွယ်ရာမြို့လေး အကြောင်းကိုပြောချင်တာပါ။          
                  ဒီနေရာမှာထပ်ပြောပါရစေ ဇတ်လမ်းတိုင်းမှာ သေချာတဲ့ စ လယ် ဆုံး ရှိပါတယ်။ဇတ်လမ်း
တစ်ခုရဲ့ Subject ကို Character ,Action အားဖြင့်စာကြောင်းအနည်းအတွင်း ရှင်းရှင်းလင်း လင်းဖော်ပြ သွားနိုင်ပြီဆိုရင်  Structure နဲ့ Storyပိုင်းကိုစတင်ချဲ့ထွင်ဖို့အသင့်ဖြစ်နေပြီလို့ဆိုနိုင်ပါပြီ။အဲဒီလို ရုပ်ထွေးနေတာတွေကိုလျှော့ပစ်ပြီး အဓိကအချက်ကိုဆုပ်ကိုင်မိကာ  စာကြောင်းတစ်ကြောင်းနှစ်ကြောင်း အတွင်း ှSubject ကိုမဖော်ပြနိုင်သေးခင်မှာတော့ စာမျက်နှာတွေအများ ကြီးဖြစ်ချင်လည်းဖြစ်နေနိုင် ပါသေးတယ်။ဒါပေမဲ့ စိတ်မပူပါနဲ့ ဆက်ပြီးရေးရင်းရေးရင်းနဲ့ နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့ ဇတ်လမ်းကို တိကျသေချာစွာဖော်ပြလာနိုင်ပါလိမ့်မယ်။
                 Action နဲ့ Character ကိုနက်နက်ရိူင်းရိူင်း ဖော်ထုတ်နိုင်ဖို့ ကိုယ်ဘာကိုရေးနေတယ်ဆိုတာကို
သိဖို့အထူးအရေးကြီးလှပါတယ်။ဇတ်ညွန်းရေးသူကိုယ်တိုင်မှ ကိုယ်ဘယ်ဟာကို ပြောချင်လည်း တိတိကျမသိ
ရင်ဘယ်သူကမှသိနိုင်မှာမဟုတ်တော့ပါဘူး။မိမိဇတ်လမ်းရဲ့ ရသမြောက်မှုဆိုင်ရာ တာဝန်ဆုံးခန်းတိုင် မတိုင်သိနိုင် ဖို့အတွက်ရွေးချယ်မှု နဲ့ တာဝန်ယူမှု ကိုအမြဲကျင့်သုံးရပါမယ်။ဆန်းသစ်တီထွင်မှု တွေကို လိုအပ်လို့မဟုတ်ပဲ မိမိစိတ်ကြိုက်သာ ရွေးချယ်သင့်ပါတယ်။ဆိုလိုတာက ဥပမာ မိမိရဲ့ Character ကဘဏ် ထဲလမ်းလျှော်ကထွက်သွားသည် လို့ရေးရင် ဇတ်လမ်းအဓိပါယ်တစ်မျိုးဖြစ်ပြီး ပြေးထွက်သွားသည်လို့ ရေးမယ် ဆိုနောက်ထက် ဇတ်လမ်းတစ်မျိုးဖြစ်သွားပါမယ်။
               ကဲအဲဒီတော့ ဘာအကြောင်းရေးးမလဲ။ကိုယ်ရေးမယ့် Subject ကို ကိုယ့်ဖာသာပဲ ရှာရုံပေါ့။အကြောင်းအရာတွေ ကမထင်တဲ့နေရာ မမျှော်လင့်တဲ့နေရာ ကနေပေါ်လာတတ်ပါတယ်၊အရေးကြီးတာက
အဲဒါတွေကို ဆက်ပြီး ဇတ်လမ်းတစ်ပုဒ် ဖြစ်လာတဲ့အထိ ဖန်တီး ဖို့ပဲလိုတာပါ။

  နောက် post မှာ Subject ကိုဘယ်လို ရှာရမလဲ၊ ဘယ်လို Research လုပ်ရမလဲဆိုတာတွေကို ဆက်လက်ဖော်ပြသွားပါမယ်။