Thursday, 22 December 2011

The Blue Unbrella

ကျွှန်တော် ကြည့်ဖြစ်တဲ့ The Blue Unbrella ဆိုတဲ့ Hindi ရုပ်ရှင်ကို မျှဝေပါရစေခင်ဗျာ..ပညာရှင်မဟုတ်တဲ့အတွက် ကျွန်တော် ခံစားမိသလိုလေးပဲပြောပါရစေ၊
ဒီရုပ်ရှင်က စာရေးဆရာ Ruskin Bond ရဲ့  ၀တ္ထု ကို ဒါရိုက်တာ Vishal Bhardwaj က ၂၀၀၇ ခုနှစ် မှာ ရုပ်ရှင်ရိုက်ထားတာဖြစ်ပါတယ်။National Film Award for Childran's film လည်းရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
 ဇတ်လမ်း အကျဉ်ကတော့  Himachal Pradesh က ရွာလေးတရွာမှာ Binya ဆိုတဲ့ကောင်မလေးတစ်ယောက်က သူရဲ့  ၀က်၀၀ံ လက်သည်းလည်ဆွဲအ ဆောင် လေး နဲ့ ဂျပန် တိုးရစ်တွေရဲ့  ထီးအပြာရောင်လေး နဲ့ အလဲအလည်း လုပ်ခဲ့ရာကဇတ်လမ်း စတော့တာပါပဲ။အဲဒီထီးလေး ကသူတို့ ရွာမှာ လူတိုင်းစိတ်ဝင်စားစရာဖြစ်လာပါတယ်။Binya ကလည်း အဲဒီထီးကလေးကို သွားလေရာပါမြဲဖြစ်လာပါတယ်။အဲဒီရွာ မှာ အချမ်းသာ ဆုံးဖြစ်တဲ့ ကုန်စုံဆိုင်ပိုင်ရှင်နဲ့ရွာကလူတော်တော်များ ကလည်း အဲဒီထီးလေးကို မျက်စိကျနေပါတော့တယ်။ ကုန်စုံဆိုင် ပိုင်ရှင်က အဲဒီထီးကို ရအောင် Binya ကိုအမျိုးမျိုး ချည်းကပ်ပြီး ၀ယ်ပေမဲ့ မရခဲ့ပါဘူး။အဲဒီမှာ ကုန်စုံဆိုင်ရှင် ဟာ သူဆိုင်က ကောင်လေး ကိုထီး ကိုခိုးခိုင်းပြီး မြိုးပေါ်က အရောင်ဆိုး ဆိုင်ရဲ့  အကူအညီနဲ့ ထီးပြာလေး ကို ဂျပန်ထီးအနီရောင် အဖြစ်ပြောင်းလဲ ခဲ့ပြီး ဂျပန်က ပို့သလို လုပ်ခဲ့ပါတယ်..အဲဒါကို Binya နဲ့ ရွာသူရွာသား တွေ့ သိရှိသွားတဲ့နောက်မှာ တော့ ကုန်စုံဆိုင် ရှင်ရဲ့ ဘ၀ ဟာ လုံးဝပြောင်လည်းသွားပါတော့တယ်။
ထီးရှင်လေး Binya
   ဇတ်လမ်းလေးကချစ်စရာကောင်းပြီး Himachal Pradesh ရဲ့ တောင်ပေါ်ဒေသရူခင်းတွေနဲ့ ပျော်ရွင် စရာ အိန္ဒယတေးသွားတွေနဲ့ ဖွဲ့ဆိုထားပါတယ်။cut by cut ရှင်းလင်းပြီး အသံပိုင်းဆိုင်ရာ မှာလည်း လိုအပ်သောအသံများပါရအောင် အထူးဂရုပြုထားတာတွေရပါတယ်။ကုန်စုံဆိုင် ရှင်ရဲ့  ထီးကိုလိုချင်ပုံ၊ထီး ကိုရသွားပြီး လူပုံအလည်ကြွားလုံးထုတ်နေပုံ၊သူခိုးလူမိပြီးအရှက်တကွဲဖြစ်ရပုံ စသည်တို့ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားတာတွေရပါတယ်။Art Driecting ပိုင်းမှာ လည်း ထီးအပြာရောင်လေး နှင့် လိုက်ဖက်သည့် အရောင်များ ၊ Background အရောင်များကိုလှပစွာရွေးချယ်ရိုက်ကူးထားပါတယ်။ဒီရုပ်ရှင်လေး ရဲ့ ဇတ်သိမ်းလေးကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ကြည့်ရူမည့်သူများ အာရုံမပျက်ရအောင်ဇတ်သိမ်းလေးကိုတော့ မပြောပြတော့ဘူးနော်။
ကုန်စုံဆိုင်ပိုင်ရှင်၏သရုပ်ဆောင်ပုံ

Tuesday, 20 December 2011

The Foundation of Screenplay by SYD FIELD 2

      ကွျှန်တော် တို့ ေ့ရှက post မှာပြောခဲ့သလို Act I,II,III  တို့ဟာဇတ်လမ်းတစ် ခုလုံးဖြစ်အောင်ဖွဲ့ စည်းထားမှုလို့ဆိုမယ်ဆိုရင် အဲဒီတစ်ခုနဲ့တစ်ခုကိုစပ်ဆက်ပေးထားတာကတော့ Plot Point တွေပဲဖြစ်ပါတယ်။Plot Point ဆိုတာကို" A Plot Point is defined as any incident, episode, or event that hooks into the action and spins it around in another direction"လို့ အဓိပါယ်ဖွင့်ထားပါတယ်၊၊ဆိုလိုတာကတော့ မူလအဖြစ်ပျက်တစ်ခုကနေ နောက်ဦးတည်ရာတစ်ခုသို့ ပြောင်းလဲသွားစေတဲ့  ထူးခြားတဲ့ အဖြစ်ပျက်လေးတစ်ခု သို့မဟုတ် လုပ်ရပ်လေးတစ်ခု ကိုဆိုလိုတာပါ။ Plot Point တွေကိုပြန်ကြည့်မယ်ဆိုရင် Plot Point I က Act II ကိုဦးတည်ဖြစ်ပေါ်စေ ပြီး Plot Poit II ကတော့ Act III ကိုဦးတည်ဖြစ်ပေါ်စေတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ဒါကြောင့် plot point I ဟာ Act I ရဲ့အဆုံး မှာ ရှိပြီးတော့ Plot Point II ကတော့ Act II ရဲ့အဆုံးပိုင်းမှာရှိပါတယ်။
        Plot Point တွေရဲ့အဓိကလုပ်ဆောင်ချက်တွေကတော့ ဇတ်လမ်း ရဲ့အဓိကပြောင်းလည်းမှု နဲ့ ဇတ်ကြောင်း သူနေရာနဲ့သူဖြစ်အောင် တို့ဖြစ်ပါတယ်။Plot Point တွေဟာသိပ်ကြီးကျယ်လှတဲ့၊ စိတ်လုပ်ရှားဖွယ် ဖြစ်တဲ့ အခန်းမျိုးဟုတ်ချင်မှလည်း ဟုတ်ပါမယ် ။ဒါပေမဲ့ နောက်ဖြစ်လာမယ့် ဇတ်လမ်းကိုဦး တည်သွားစေမယ့် အပြောင်းအလဲ ဆုံးဖြတ်ချက်မျိုး ဖြစ်ဖို့တော့လိုပါတယ်။
        Syd Field ကအထက်ပါပုံစံတွေ ဟာ ပုံသဏ္ဍန် အားဖြင့်သာဖော်ပြတာဖြစ်ပြီး ဖော်မြူလာတစ်ခု မဟုတ်ကြောင်းသတိချပ် ရန်လိုပါတယ်။သူ့အဆိုအရ ပုံသဏ္ဍန် နဲ့ ဖော်မြူလာကွာခြားချက် ကတော့ ဥပမာ အကျီ Form တစ်ခုဆိုပါဆို့ သူမှာ လက်နှစ်ဖက်ပါမယ် ေ့ရှခြမ်း ကျောဖုန်း ခေါင်းစွပ်ရန်အပေါက် ပါမယ် ဒါဟာအကျီပုံဖြစ်တယ် ။ဒါပေမဲ့ သုံးတဲ့     ပိတ်စပေါ်မူတည်ပြီး အမျိုးမျိုး ကွဲလွဲနိုင်တယ်။ဖော်မြူလာဆိုတာကတော့ အဲလိုမဟုတ်ဘူး သူ့မှာ တိကျတဲ့ သတ်မှတ်ချက်တစ်ခုရှိပြီးဖြစ်တဲ့အတွက် ဒါထည့်ရင်ဒါဖြစ်မယ်ဆိုတာမျိုးပါ။ဒါကြောင့်အခုဖော်ပြခဲ့တာတွေ က Form တွေသာဖြစ်ပြီး Fromula မဟုတ်ကြောင်းသတိထားရန်လိုပါတယ်။
      အခုဖော်ပြခဲ့ပြီးဖြစ်တဲ့ Act I II II တွေ Plot Point တွေက ဇတ်လမ်းကို တည်ဆောက်ထားတဲ့ Structre တွေဖြစ်ပါတယ်။ဇတ်ညွန်းကောင်းတစ်ခုလေ့လာမယ်ဆိုရင် ဒီပုံစံတွေအပေါ်အခြေခံပြီးတည် ဆောင်ထားတာတွေ့ရမယ်လို့ဆိုပါတယ် ။  သူအဆိုအရ   အချို့က Art ဆိုတာ အဲလို စ လယ် ဆုံးတွေပြောလို့မရဘူး လို့ဆို ချင်ဆိုပါလိမ့်မယ်တဲ့ လူ့ဘဝလိုပဲ ဘာမှသေချာ အဆုံးအစ မရှိ လို့ ဆိုချင်ဆိုပါလိမ့်မယ်တဲ့။ဒါပေမဲ့ သူ့အနေနဲ့ အဲဒါကိုလုံး၀ လက်မခံပါဘူးတဲ့။  လူဆိုတာ မွေးတယ် ကြီးပြင်းတယ် သေတယ် အဲဒါကို က စ လယ် ဆုံး ပါပဲတဲ့။ကွျှန်တော်တို့ ခန္ဒာကိုယ်မှာ ဆဲလ် တွေဘယ်လောက်မြန်မြန် ဖြစ်လိုက်ပျက်လိုက် ဖြစ်နေကြတယ် ဆိုရင်တောင် သူ့တစ်ခုချင်းစီမှာ စလယ်ဆုံးဆိုတာရှိနေတာပါပဲ လို့ဆိုပါတယ်။အဲဒါကိုမရုံဘူးဆိုရင် ရုပ်ရှင်တွေကိုကြည့်ပြီး အဲဒီပုံစံတွေနဲ့ ကိုက်မကိုက်လေ့လာကြည့်ပါလို့ဆိုပါတယ်။( အဲဒီပုံစံတွေနဲ့ လေ့လာဖို့ အကောင်းဆုံးကတော့ China Town ဆိုတဲ့ဇတ်ကားကိုညွန်းပါရစေခင်ဗျာ )

(နောက် Post မှာ Subject အကြောင်းဆက်လက်ဖော်ပြသွားပါမယ်)

The Foundation of Screenplay by SYD FIELD 1

     ကွျှန်တော် အဲဒီစာအုပ်ကိုဖတ်ပြီး စိတ်ဝင်စားသူတွေ စာအုပ်တအုပ်လုံးကိုဖတ်စရာမလိုပဲ (သို့) မဖတ်ခင် အမြည်းသဘောမျိုးလေးဖြစ်အောင်ကွျှန်တော် Notes ထုတ်ထားတဲ့ Point လေးတွေပဲ ပြောသွားပါမယ်။တစ်အုပ်လုံးဖတ်ချင်သူတွေအတွက်http://www.4shared.com/get/G6Q8O3K5/Syd_Field_Screenplay.html မှာ Download ရယူနိုင်ပါတယ်၊ Sye Field ရဲ့ ဇတ်ညွန်း ရေးနည်းဟာအလွန်အသုံးဝင် ပြီးအခြေခံကြတယ်လို့ယူဆပါတယ် အဲဒီစာအုပ်မှာ သူရှင်းသွား တာတွေ  ဥပမာပေးသွားတာတွေကလည်း အတော်ကိုအသုံးဝင်ရှင်းလင်လှပါတယ်။စာရေးသူက ဒီစာအုပ်ဟာ ဥပဒေသ(rules) တွေအဖြစ်မယူစေ လိုပဲလမ်းညွန်(Guide )အဖြစ်သာ ယူစေချင်ကြောင်းဖော်ပြထားပါတယ်၊


၁။What is Screenplay 


          ဇတ်ညွန်းဆိုတာ ဝတ္ထု သို့မဟုတ် အခြား ဇတ်လမ်းတစ်ခုခုကို ရုပ်ရှင်အဖြစ်ရိုက်လို့ ရအောင်၊တနည်းအားဖြင့် အမြင်အာရုံဖြင့် (visualize) ပြန်လည်ရေးသားခြင်းဖြစ်တဲ့အတွက် ပြလို့မရသည်များကို မရေးမိအောင်အထူးဂရုပြုရပါတယ်။syd field က ဇတ်ညွှန်းဆိုတာကို a story told with pictures, in dialogue and description, and placed within the context of dramatic structure. ဆိုပြီးရှင်းထားပါတယ်။

၁:၁ အပိုင်း ၃ ပိုင်း ( 3 Acts)



     ကွျှန်တော်တို့ငယ်စဉ်ကနားထောင်ခဲ့ရသည် ပုံပြင်သော်မှ စလယ်ဆုံး ရှိနေပါတယ်။ကွျှန်တော်တို့အကြောင်းရာတစ်ခုခုကိုပြန်ပြောပြကြတယ်ဆိုရင် တောင်သူဟာနဲ့သူ စလယ်ဆုံးရှိနေပါတယ်။ ကွျှန်တော် တို့ ဇတ်ညွန်းတစ်ခုကို ပန်းချီးကားချပ်တစ်ခုလို ၊ ဓါတ်ပုံ တစ်ခုလို နံရံပေါမှာ ချိတ်ဆွဲကြည့်မယ်ဆိုရင် အခုလိုရပါတယ်
(fig:1)              
အဲဒီမှာ အပိုင်းသုံးပိုင်းပါဝင်ပါတယ်။စ လယ် ဆုံး အပိုင်း ၃ ပိုင်းမှာ  ၁။ Set up  ၂ ။ Confrontation ၃။ Resolution ဆိုပြီးပါဝင်ပါတယ်။Act I, II , II လို့လည်းခေါ်ပါတယ်။

Act I(set up ) (ဇတ်လမ်းတည်ဆောက်ခြင်း)
                
             ဒီစာအုပ်မှာ သူက ဇတ်ညွန်း တစ်မျက်နှာကို တစ်မိနစ်နှုန်းနဲ့ အကြမ်းဖျင်း ရေတွက်ထားပါတယ်။အဲဒီလိုရေတွက်မယ်ဆိုရင်ဇတ်ညွန်းရေးသမား ဟာ သူရဲ့ Act I အတွက် ၃၀ မိနစ်(သို့) စာမျက်နှာသုံးဆက် ရပါမယ်။အဲဒီ ၃၀ မိနစ်က ခွက်တစ်ခွက်(content)ဆိုပါတော့ ကျွန်တော်တို့ကအဲဒီအထဲမှာ ဘာတွေထည့်မလဲ ဆိုတဲ့ contex ကို စဉ်းစားရမှာပါ။
               Act I (set up ) မှာ ဇတ်ညွန်းရေးသူက ဇတ်လမ်းကိုစပြီး တည်ဆောက်ခြင်း ၊ Character ကိုမိတ်ဆက်ခြင်း ၊ ဘာအကြောင်းလည်းဆိုတာမိတ်ဆက်ခြင်း ၊ အခြေအနေဖန်တီးခြင်း ၊  အဓိကဇတ်ဆောင်နဲ့ ကျန်သူများအကြား စပ်ဆက်မှုကိုတည်ဆောက် ခြင်းများပြုလုပ်ရပါတယ်။အဲဒီ Act I ကိုပဲ ပြန်ပြီးခွဲကြည့်မယ်ဆိုရင်လည်း သူမှာ (အဲဒီ Act I အတွင်းမှာ) စ လယ် ဆုံး ဆိုပြီး ရှိနေတယ်လို့နားလည်းထားရပါမယ်။ရှင်းအောင်ပြောရရင် ဇတ်လမ်းကြီးတစ်ခုလုံးအတွင်းမှာ Act I, II ,III
ဆိုပြီး စ လယ် ဆုံးရှိနေသလိုပဲ အဲဒီ အစိတ်ပိုင်း Act တစ်ခုအတွင်းမှာပဲ စ လယ် ဆုံး ဆိုပြီး ပြန်ခွဲနိုင်ပါတယ်။
               အထက်ကဆိုခဲ့သည် အတိုင်း Act I ရဲ့ အစကို ပရိတ်သတ်ကိုဖမ်းစားနိုင်ဖို့အတွက် ဇတ်ညွန်းရေးသူဟာ ၁၀ မိနစ် အတွင်း ထိထိမိမိ ဖော်ပြနိုင်ရပါမယ်။အဲဒီ အစဟာအရေးကြီးဆုံးအပိုင်း လို့ဆိုရပါမယ်။အဲဒီ အစပိုင်းလေး ဟာပရိသတ်ကိုဘယ်လောက်ဆွဲဆောင် နိုင်လည်းဆိုတာက နောက်ပိုင်းဇတ်လမ်းတစ်ခုလုံး အပေါ်ကို အကျိုးသက်ရောက်နိုင်ပါတယ်။
             ဥပမာ China Town by Robert Towne ရဲ့အစ စာမျက်နှာမှာကို အဓိကဇတ်ကောင်ဖြစ်သူ၊သူများအတွင်းရေးကိုကျွမ်းကျင်တဲ့ ညစ်ကျယ်ကျယ် စုံထောက် Jake Gittes  ကိုစတင်မိတ်
ဆက်ပေးလိုက်ပါတယ်။ ပထမဦးဆုံးအခန်းမှာပဲ Gittes ရဲ့ရုံးခန်းထဲမှာ အမှူသည်ကသူ့မိန်းမနဲ့ အခြားသူတစ်ယောက်ပန်းခြံထဲ ချစ်ရည်းလူးနေတဲ့ဓါတ်ပုံကိုကြည့်ပြီးငိုကြွေးနေတဲ့အခန်း မှာတင်ပဲ Gittes ဟာဘယ်လိုလူ၊သူ့ရဲ့အလုပ်ကဘယ်လိုဆိုတာ ကိုသိသာနေပါပြီ။နောက်စာမျက်နှာအနည်းငယ်မှာတင်ပဲ သူ့ယောက်ကျား နောက်မီးလင်း မလင်း စုံစမ်း ဖို့ Gittes ကိုငှားရမ်းလိုသူ Mrs,Mulwray ကိုစတင်မိတ်ဆက်
ပေးလိုက်ပါတယ်။အဲဒါဟာ ဇတ်လမ်းကိုစတင်ရန် အခြေနေဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။Mrs Mulwray ရဲ့ခင်ပွန်းဟာ ဘယ်သူနဲ့ရူပ်နေလဲဆိုတဲ့ မေးခွန်းကိုဖြေဖို့ ဇတ်လမ်းကိုေ့ရှဆက်အောင် တွန်းလိုက် ခြင်းဖြစ်ပါတယ်။

Act II (confrontation) အဖြစ်ပျက်များနှင့်ရင်ဆိုင်တွေ့ခြင်း
့              ဒီအပိုင်းမှာတော့ ဇတ်လမ်းတကယ်စတယ်လို့ဆိုရမှာပါ။ဒီ Act II မှာ အဓိကဇတ်ဆောင်ဟာ အခက်ခဲတွေကိုရင်ဆိုင် ပြီးတော့ ပန်းတိုင်ရောက်အောင်သွားရမှာဖြစ်ပါတယ်။ဒါကြောင့် ဇတ်ညွန်းရေးသူဟာသူ့ဇတ်ဆောင် ရဲ့ ပန်းတိုင် ကိုသေချာသိတာနဲ့အမျှ အဲဒီကို မရောက်အောင် ဘယ်လို အခက်ခဲတွေ ကို ဖန်တီးပေးရမယ်ဆိုတာ ကိုသိလာပါတယ်။ဒါမှာလည်း ဇတ်ညွန်းရေးသူဖန်းတီးထားတဲ့ အဓိကဇတ်ဆောင်ဟာ သူကိုယ်တိုင် ဇတ်လမ်းဖြစ်လာပါမယ်။ဒီနေရာမှာ Drama ဆိုတဲ့စကားကို syd field က ဒီလိုရှင်းထားတယ် "All drama is conflict. Without conflict, you have no action; without action,  you have no character; without character, you have no story;   and without story, you have no screenplay." စိတ်ဝင်စားစရာတွေဟာ အဆင်မပြေမှုတွေဖြစ်တယ်။အဆင်မပြေမှုတွေမရှိလျှင် ဘာမှဖြေရှင်းစရာမရှိဘူး ၊ ဘာမှဖြေရှင်းစရာမရှိလျှင်၊ဖြေရှင်းဖို့လူလည်း မလိုတော့ဘူး ၊ ဖြေရှင်းဖို့လူမလိုတော့လျှင် ဘာဇတ်လမ်းမှလည်းမရှိတော့ဘူး ၊ ဘာဇတ်လမ်းမှမရှိလျှင် လည်း ဘာဇတ်ညွန်းမှလည်းရေးစရာမရှိတော့ဘူး။(မှတ်ချက်၊  ၊ဘာသာပြန်ညံ့ဖျင်းမှုကိုခွင့်လွှတ်ပြီး အဓိကဆိုလိုရင်းကို သာကြည့်စေချင်ပါသည်။)

Act III (resolution) အဆုံးအဖြတ်
                                      ဒီအပိုင်းကတော့ဇတ်လမ်းကြီးတစ်ခုလုံးရဲ့ အဆုံးအဖြတ်ပေးတဲ့ အခန်းပါ။ဇတ်လိုက် ကသေသွားလား၊သူ့ချစ်သူနဲ့ရလား၊သူလိုဖြစ်ချင်တာဖြစ်သွားလား မဖြစ်ဘူးလား စသည်စသည် ဖြင့်အဆုံး အဖြတ်ပေးခြင်းပါ။ဒီအပိုင်းဟာဇတ်သိမ်းခန်းမဟုတ်သေးပါဘူး Act II မှာ ရူပ်ခဲ့သမျှရှင်းထုတ် ခြင်းသာဖြစ်ပါတယ်။ဇတ်သိမ်း ခန်းက အခြားရိုက်ချက်တစ်ခုလည်းဖြစ်နိုင်ပါတယ် ။ဆိုလိုတာက ကောင်မလေးနဲ့ကောင်လေး လက်တွဲပြီးရှောက်သွားတာမျိုး ၊ ပြုံးပြီးကြည့်နေတာမျိုး ရိုက်ချက်တစ်ခုခုဖြစ်ပါမယ်။ ဒါကြောင့် Act III ရဲ့ အဓိကတာ ဝန် က ေ့ရှက ရူပ်လာသမျှမည်သို့ မည်ပုံရှင်းသွားသည် ကိုအဓိကဖော်ပြဖို့ဖြစ်ပါတယ်။

(နောက် post မှာ plot point များကိုဆက်ရှင်းသွားပါမယ်)


Monday, 22 August 2011

Gift and Responsibility

Talent is God's gift; either you've got it or you don't. But writing  is a personal responsibility;   either you do it  or you don't.

Saturday, 20 August 2011

What is screenplay??

For one thing, a screenplay is not a novel, and it's most cer-
tainly not a play. If you look at a novel and try to define its funda-
mental nature, you'll see that the dramatic action, the story line,
usually takes place inside the head of the main character. We see the
story line unfold through the eyes of the character, through his/her
point of view. We are privy to the character's thoughts, feelings,
emotions, words, actions, memories, dreams, hopes, ambitions,
opinions, and more. The character and reader go through the ac-
tion together, sharing in the drama and emotion of the story. We
know how they act, feel, react, and figure things out. If other charac-
ters appear and are brought into the narrative line of action, then
the story embraces their point of view, but the main thrust of the
story line always returns to the main character. The main character
is who the story is about. In a novel the action takes place inside the
character's head, within the mindscape of dramatic action.

A play is different. The action, or story line, occurs onstage, un-
der the proscenium arch, and the audience becomes the fourth wall,
eavesdropping on the lives of the characters, what they think and
feel and say. They talk about their hopes and dreams, past and fu-
ture plans, discuss their needs and desires, fears and conflicts. In this
case, the action of the play occurs within the language of dramatic
action; it is spoken in words that describe feelings, actions, and
emotions.
A screenplay is different. Movies are different. Film is a visual
medium that dramatizes a basic story line; it deals in pictures, im-
ages, bits and pieces of film: We see a clock ticking, a window open-
ing, a person in the distance leaning over a balcony, smoking; in the
background we hear a phone ringing, a baby crying, a dog barking
as we see two people laughing as their car pulls away from the curb.
"Just making pictures." The nature of the screenplay deals in pic-
tures, and if we wanted to define it, we could say that a screenplay is a story told with pictures, in dialogue and description, and placed
within the context of dramatic structure.
That is its essential nature, just like a rock is hard and water's
wet.

Friday, 19 August 2011

The Concept Of Film Form

          "If you are listening closely to a song on a CD and the music is abruptly switched off, you are likely to feel a little frustrated . If you start reading novel, become engrossed in it, and then misplace the book,you will probably feel the same way.
        Such feeling arise because our experience of art work is patterned and structured, The human body mind craves form.For this reason,form is of central importance in any art work.regardless of its medium.The entire study of the nature of artistic form is the province of the aesthetician ,and it is tooo large a question for us to deal with extensively here."
http://en.wikipedia.org/wiki/David_Bordwell
This is the first paragraph of  chapter 2 The Significance of film form .As u read above I really like that explanation about the film form,when I start learning film direction course.Film,as a kind of art form.there is so many question to be answered .How do we arrange the pattern and structure as a art work...