Tuesday, 20 December 2011

The Foundation of Screenplay by SYD FIELD 2

      ကွျှန်တော် တို့ ေ့ရှက post မှာပြောခဲ့သလို Act I,II,III  တို့ဟာဇတ်လမ်းတစ် ခုလုံးဖြစ်အောင်ဖွဲ့ စည်းထားမှုလို့ဆိုမယ်ဆိုရင် အဲဒီတစ်ခုနဲ့တစ်ခုကိုစပ်ဆက်ပေးထားတာကတော့ Plot Point တွေပဲဖြစ်ပါတယ်။Plot Point ဆိုတာကို" A Plot Point is defined as any incident, episode, or event that hooks into the action and spins it around in another direction"လို့ အဓိပါယ်ဖွင့်ထားပါတယ်၊၊ဆိုလိုတာကတော့ မူလအဖြစ်ပျက်တစ်ခုကနေ နောက်ဦးတည်ရာတစ်ခုသို့ ပြောင်းလဲသွားစေတဲ့  ထူးခြားတဲ့ အဖြစ်ပျက်လေးတစ်ခု သို့မဟုတ် လုပ်ရပ်လေးတစ်ခု ကိုဆိုလိုတာပါ။ Plot Point တွေကိုပြန်ကြည့်မယ်ဆိုရင် Plot Point I က Act II ကိုဦးတည်ဖြစ်ပေါ်စေ ပြီး Plot Poit II ကတော့ Act III ကိုဦးတည်ဖြစ်ပေါ်စေတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ဒါကြောင့် plot point I ဟာ Act I ရဲ့အဆုံး မှာ ရှိပြီးတော့ Plot Point II ကတော့ Act II ရဲ့အဆုံးပိုင်းမှာရှိပါတယ်။
        Plot Point တွေရဲ့အဓိကလုပ်ဆောင်ချက်တွေကတော့ ဇတ်လမ်း ရဲ့အဓိကပြောင်းလည်းမှု နဲ့ ဇတ်ကြောင်း သူနေရာနဲ့သူဖြစ်အောင် တို့ဖြစ်ပါတယ်။Plot Point တွေဟာသိပ်ကြီးကျယ်လှတဲ့၊ စိတ်လုပ်ရှားဖွယ် ဖြစ်တဲ့ အခန်းမျိုးဟုတ်ချင်မှလည်း ဟုတ်ပါမယ် ။ဒါပေမဲ့ နောက်ဖြစ်လာမယ့် ဇတ်လမ်းကိုဦး တည်သွားစေမယ့် အပြောင်းအလဲ ဆုံးဖြတ်ချက်မျိုး ဖြစ်ဖို့တော့လိုပါတယ်။
        Syd Field ကအထက်ပါပုံစံတွေ ဟာ ပုံသဏ္ဍန် အားဖြင့်သာဖော်ပြတာဖြစ်ပြီး ဖော်မြူလာတစ်ခု မဟုတ်ကြောင်းသတိချပ် ရန်လိုပါတယ်။သူ့အဆိုအရ ပုံသဏ္ဍန် နဲ့ ဖော်မြူလာကွာခြားချက် ကတော့ ဥပမာ အကျီ Form တစ်ခုဆိုပါဆို့ သူမှာ လက်နှစ်ဖက်ပါမယ် ေ့ရှခြမ်း ကျောဖုန်း ခေါင်းစွပ်ရန်အပေါက် ပါမယ် ဒါဟာအကျီပုံဖြစ်တယ် ။ဒါပေမဲ့ သုံးတဲ့     ပိတ်စပေါ်မူတည်ပြီး အမျိုးမျိုး ကွဲလွဲနိုင်တယ်။ဖော်မြူလာဆိုတာကတော့ အဲလိုမဟုတ်ဘူး သူ့မှာ တိကျတဲ့ သတ်မှတ်ချက်တစ်ခုရှိပြီးဖြစ်တဲ့အတွက် ဒါထည့်ရင်ဒါဖြစ်မယ်ဆိုတာမျိုးပါ။ဒါကြောင့်အခုဖော်ပြခဲ့တာတွေ က Form တွေသာဖြစ်ပြီး Fromula မဟုတ်ကြောင်းသတိထားရန်လိုပါတယ်။
      အခုဖော်ပြခဲ့ပြီးဖြစ်တဲ့ Act I II II တွေ Plot Point တွေက ဇတ်လမ်းကို တည်ဆောက်ထားတဲ့ Structre တွေဖြစ်ပါတယ်။ဇတ်ညွန်းကောင်းတစ်ခုလေ့လာမယ်ဆိုရင် ဒီပုံစံတွေအပေါ်အခြေခံပြီးတည် ဆောင်ထားတာတွေ့ရမယ်လို့ဆိုပါတယ် ။  သူအဆိုအရ   အချို့က Art ဆိုတာ အဲလို စ လယ် ဆုံးတွေပြောလို့မရဘူး လို့ဆို ချင်ဆိုပါလိမ့်မယ်တဲ့ လူ့ဘဝလိုပဲ ဘာမှသေချာ အဆုံးအစ မရှိ လို့ ဆိုချင်ဆိုပါလိမ့်မယ်တဲ့။ဒါပေမဲ့ သူ့အနေနဲ့ အဲဒါကိုလုံး၀ လက်မခံပါဘူးတဲ့။  လူဆိုတာ မွေးတယ် ကြီးပြင်းတယ် သေတယ် အဲဒါကို က စ လယ် ဆုံး ပါပဲတဲ့။ကွျှန်တော်တို့ ခန္ဒာကိုယ်မှာ ဆဲလ် တွေဘယ်လောက်မြန်မြန် ဖြစ်လိုက်ပျက်လိုက် ဖြစ်နေကြတယ် ဆိုရင်တောင် သူ့တစ်ခုချင်းစီမှာ စလယ်ဆုံးဆိုတာရှိနေတာပါပဲ လို့ဆိုပါတယ်။အဲဒါကိုမရုံဘူးဆိုရင် ရုပ်ရှင်တွေကိုကြည့်ပြီး အဲဒီပုံစံတွေနဲ့ ကိုက်မကိုက်လေ့လာကြည့်ပါလို့ဆိုပါတယ်။( အဲဒီပုံစံတွေနဲ့ လေ့လာဖို့ အကောင်းဆုံးကတော့ China Town ဆိုတဲ့ဇတ်ကားကိုညွန်းပါရစေခင်ဗျာ )

(နောက် Post မှာ Subject အကြောင်းဆက်လက်ဖော်ပြသွားပါမယ်)

0 comments:

Post a Comment