ကွျှန်တော် အဲဒီစာအုပ်ကိုဖတ်ပြီး စိတ်ဝင်စားသူတွေ စာအုပ်တအုပ်လုံးကိုဖတ်စရာမလိုပဲ (သို့) မဖတ်ခင် အမြည်းသဘောမျိုးလေးဖြစ်အောင်ကွျှန်တော် Notes ထုတ်ထားတဲ့ Point လေးတွေပဲ ပြောသွားပါမယ်။တစ်အုပ်လုံးဖတ်ချင်သူတွေအတွက်http://www.4shared.com/get/G6Q8O3K5/Syd_Field_Screenplay.html မှာ Download ရယူနိုင်ပါတယ်၊ Sye Field ရဲ့ ဇတ်ညွန်း ရေးနည်းဟာအလွန်အသုံးဝင် ပြီးအခြေခံကြတယ်လို့ယူဆပါတယ် အဲဒီစာအုပ်မှာ သူရှင်းသွား တာတွေ ဥပမာပေးသွားတာတွေကလည်း အတော်ကိုအသုံးဝင်ရှင်းလင်လှပါတယ်။စာရေးသူက ဒီစာအုပ်ဟာ ဥပဒေသ(rules) တွေအဖြစ်မယူစေ လိုပဲလမ်းညွန်(Guide )အဖြစ်သာ ယူစေချင်ကြောင်းဖော်ပြထားပါတယ်၊
၁။What is Screenplay
ဇတ်ညွန်းဆိုတာ ဝတ္ထု သို့မဟုတ် အခြား ဇတ်လမ်းတစ်ခုခုကို ရုပ်ရှင်အဖြစ်ရိုက်လို့ ရအောင်၊တနည်းအားဖြင့် အမြင်အာရုံဖြင့် (visualize) ပြန်လည်ရေးသားခြင်းဖြစ်တဲ့အတွက် ပြလို့မရသည်များကို မရေးမိအောင်အထူးဂရုပြုရပါတယ်။syd field က ဇတ်ညွှန်းဆိုတာကို a story told with pictures, in dialogue and description, and placed within the context of dramatic structure. ဆိုပြီးရှင်းထားပါတယ်။
၁:၁ အပိုင်း ၃ ပိုင်း ( 3 Acts)
ကွျှန်တော်တို့ငယ်စဉ်ကနားထောင်ခဲ့ရသည် ပုံပြင်သော်မှ စလယ်ဆုံး ရှိနေပါတယ်။ကွျှန်တော်တို့အကြောင်းရာတစ်ခုခုကိုပြန်ပြောပြကြတယ်ဆိုရင် တောင်သူဟာနဲ့သူ စလယ်ဆုံးရှိနေပါတယ်။ ကွျှန်တော် တို့ ဇတ်ညွန်းတစ်ခုကို ပန်းချီးကားချပ်တစ်ခုလို ၊ ဓါတ်ပုံ တစ်ခုလို နံရံပေါမှာ ချိတ်ဆွဲကြည့်မယ်ဆိုရင် အခုလိုရပါတယ်
(fig:1)
အဲဒီမှာ အပိုင်းသုံးပိုင်းပါဝင်ပါတယ်။စ လယ် ဆုံး အပိုင်း ၃ ပိုင်းမှာ ၁။ Set up ၂ ။ Confrontation ၃။ Resolution ဆိုပြီးပါဝင်ပါတယ်။Act I, II , II လို့လည်းခေါ်ပါတယ်။
Act I(set up ) (ဇတ်လမ်းတည်ဆောက်ခြင်း)
ဒီစာအုပ်မှာ သူက ဇတ်ညွန်း တစ်မျက်နှာကို တစ်မိနစ်နှုန်းနဲ့ အကြမ်းဖျင်း ရေတွက်ထားပါတယ်။အဲဒီလိုရေတွက်မယ်ဆိုရင်ဇတ်ညွန်းရေးသမား ဟာ သူရဲ့ Act I အတွက် ၃၀ မိနစ်(သို့) စာမျက်နှာသုံးဆက် ရပါမယ်။အဲဒီ ၃၀ မိနစ်က ခွက်တစ်ခွက်(content)ဆိုပါတော့ ကျွန်တော်တို့ကအဲဒီအထဲမှာ ဘာတွေထည့်မလဲ ဆိုတဲ့ contex ကို စဉ်းစားရမှာပါ။
Act I (set up ) မှာ ဇတ်ညွန်းရေးသူက ဇတ်လမ်းကိုစပြီး တည်ဆောက်ခြင်း ၊ Character ကိုမိတ်ဆက်ခြင်း ၊ ဘာအကြောင်းလည်းဆိုတာမိတ်ဆက်ခြင်း ၊ အခြေအနေဖန်တီးခြင်း ၊ အဓိကဇတ်ဆောင်နဲ့ ကျန်သူများအကြား စပ်ဆက်မှုကိုတည်ဆောက် ခြင်းများပြုလုပ်ရပါတယ်။အဲဒီ Act I ကိုပဲ ပြန်ပြီးခွဲကြည့်မယ်ဆိုရင်လည်း သူမှာ (အဲဒီ Act I အတွင်းမှာ) စ လယ် ဆုံး ဆိုပြီး ရှိနေတယ်လို့နားလည်းထားရပါမယ်။ရှင်းအောင်ပြောရရင် ဇတ်လမ်းကြီးတစ်ခုလုံးအတွင်းမှာ Act I, II ,III
ဆိုပြီး စ လယ် ဆုံးရှိနေသလိုပဲ အဲဒီ အစိတ်ပိုင်း Act တစ်ခုအတွင်းမှာပဲ စ လယ် ဆုံး ဆိုပြီး ပြန်ခွဲနိုင်ပါတယ်။
အထက်ကဆိုခဲ့သည် အတိုင်း Act I ရဲ့ အစကို ပရိတ်သတ်ကိုဖမ်းစားနိုင်ဖို့အတွက် ဇတ်ညွန်းရေးသူဟာ ၁၀ မိနစ် အတွင်း ထိထိမိမိ ဖော်ပြနိုင်ရပါမယ်။အဲဒီ အစဟာအရေးကြီးဆုံးအပိုင်း လို့ဆိုရပါမယ်။အဲဒီ အစပိုင်းလေး ဟာပရိသတ်ကိုဘယ်လောက်ဆွဲဆောင် နိုင်လည်းဆိုတာက နောက်ပိုင်းဇတ်လမ်းတစ်ခုလုံး အပေါ်ကို အကျိုးသက်ရောက်နိုင်ပါတယ်။
ဥပမာ China Town by Robert Towne ရဲ့အစ စာမျက်နှာမှာကို အဓိကဇတ်ကောင်ဖြစ်သူ၊သူများအတွင်းရေးကိုကျွမ်းကျင်တဲ့ ညစ်ကျယ်ကျယ် စုံထောက် Jake Gittes ကိုစတင်မိတ်
ဆက်ပေးလိုက်ပါတယ်။ ပထမဦးဆုံးအခန်းမှာပဲ Gittes ရဲ့ရုံးခန်းထဲမှာ အမှူသည်ကသူ့မိန်းမနဲ့ အခြားသူတစ်ယောက်ပန်းခြံထဲ ချစ်ရည်းလူးနေတဲ့ဓါတ်ပုံကိုကြည့်ပြီးငိုကြွေးနေတဲ့အခန်း မှာတင်ပဲ Gittes ဟာဘယ်လိုလူ၊သူ့ရဲ့အလုပ်ကဘယ်လိုဆိုတာ ကိုသိသာနေပါပြီ။နောက်စာမျက်နှာအနည်းငယ်မှာတင်ပဲ သူ့ယောက်ကျား နောက်မီးလင်း မလင်း စုံစမ်း ဖို့ Gittes ကိုငှားရမ်းလိုသူ Mrs,Mulwray ကိုစတင်မိတ်ဆက်
ပေးလိုက်ပါတယ်။အဲဒါဟာ ဇတ်လမ်းကိုစတင်ရန် အခြေနေဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။Mrs Mulwray ရဲ့ခင်ပွန်းဟာ ဘယ်သူနဲ့ရူပ်နေလဲဆိုတဲ့ မေးခွန်းကိုဖြေဖို့ ဇတ်လမ်းကိုေ့ရှဆက်အောင် တွန်းလိုက် ခြင်းဖြစ်ပါတယ်။
Act II (confrontation) အဖြစ်ပျက်များနှင့်ရင်ဆိုင်တွေ့ခြင်း
့ ဒီအပိုင်းမှာတော့ ဇတ်လမ်းတကယ်စတယ်လို့ဆိုရမှာပါ။ဒီ Act II မှာ အဓိကဇတ်ဆောင်ဟာ အခက်ခဲတွေကိုရင်ဆိုင် ပြီးတော့ ပန်းတိုင်ရောက်အောင်သွားရမှာဖြစ်ပါတယ်။ဒါကြောင့် ဇတ်ညွန်းရေးသူဟာသူ့ဇတ်ဆောင် ရဲ့ ပန်းတိုင် ကိုသေချာသိတာနဲ့အမျှ အဲဒီကို မရောက်အောင် ဘယ်လို အခက်ခဲတွေ ကို ဖန်တီးပေးရမယ်ဆိုတာ ကိုသိလာပါတယ်။ဒါမှာလည်း ဇတ်ညွန်းရေးသူဖန်းတီးထားတဲ့ အဓိကဇတ်ဆောင်ဟာ သူကိုယ်တိုင် ဇတ်လမ်းဖြစ်လာပါမယ်။ဒီနေရာမှာ Drama ဆိုတဲ့စကားကို syd field က ဒီလိုရှင်းထားတယ် "All drama is conflict. Without conflict, you have no action; without action, you have no character; without character, you have no story; and without story, you have no screenplay." စိတ်ဝင်စားစရာတွေဟာ အဆင်မပြေမှုတွေဖြစ်တယ်။အဆင်မပြေမှုတွေမရှိလျှင် ဘာမှဖြေရှင်းစရာမရှိဘူး ၊ ဘာမှဖြေရှင်းစရာမရှိလျှင်၊ဖြေရှင်းဖို့လူလည်း မလိုတော့ဘူး ၊ ဖြေရှင်းဖို့လူမလိုတော့လျှင် ဘာဇတ်လမ်းမှလည်းမရှိတော့ဘူး ၊ ဘာဇတ်လမ်းမှမရှိလျှင် လည်း ဘာဇတ်ညွန်းမှလည်းရေးစရာမရှိတော့ဘူး။(မှတ်ချက်၊ ၊ဘာသာပြန်ညံ့ဖျင်းမှုကိုခွင့်လွှတ်ပြီး အဓိကဆိုလိုရင်းကို သာကြည့်စေချင်ပါသည်။)
Act III (resolution) အဆုံးအဖြတ်
ဒီအပိုင်းကတော့ဇတ်လမ်းကြီးတစ်ခုလုံးရဲ့ အဆုံးအဖြတ်ပေးတဲ့ အခန်းပါ။ဇတ်လိုက် ကသေသွားလား၊သူ့ချစ်သူနဲ့ရလား၊သူလိုဖြစ်ချင်တာဖြစ်သွားလား မဖြစ်ဘူးလား စသည်စသည် ဖြင့်အဆုံး အဖြတ်ပေးခြင်းပါ။ဒီအပိုင်းဟာဇတ်သိမ်းခန်းမဟုတ်သေးပါဘူး Act II မှာ ရူပ်ခဲ့သမျှရှင်းထုတ် ခြင်းသာဖြစ်ပါတယ်။ဇတ်သိမ်း ခန်းက အခြားရိုက်ချက်တစ်ခုလည်းဖြစ်နိုင်ပါတယ် ။ဆိုလိုတာက ကောင်မလေးနဲ့ကောင်လေး လက်တွဲပြီးရှောက်သွားတာမျိုး ၊ ပြုံးပြီးကြည့်နေတာမျိုး ရိုက်ချက်တစ်ခုခုဖြစ်ပါမယ်။ ဒါကြောင့် Act III ရဲ့ အဓိကတာ ဝန် က ေ့ရှက ရူပ်လာသမျှမည်သို့ မည်ပုံရှင်းသွားသည် ကိုအဓိကဖော်ပြဖို့ဖြစ်ပါတယ်။
(နောက် post မှာ plot point များကိုဆက်ရှင်းသွားပါမယ်)
0 comments:
Post a Comment