၃။ The Subjuct
ဒီအပိုင်းမှာ Subject အကြောင်းနာမည်ကြီးရုပ်ရှင်များနှင့်ဥပမာပေးဖောြ်ပထားသည်။ထိုရုပ်ရှင်များမှာလည်းဇတ်ညွန်းနည်းပညာကိုလေ့လာသူများအတွက်ကြည့်သင့်ကြည့်ထိုက်သောရုပ်ရှင်ကောင်းများဖြစ် သည့်အတွက် ဥပမာရုပ်ရှင်ကားများအတိုင်းဖော်ပြသွားပါမည်။
ဒါရိုက်တာ Orsen Welles's ရိုက်ကူးတဲ့ Citizen Kane ဟာပြောစမှတ်ပြုလောက် တဲ့ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ပထမဆုံး Frame မှာတင်ပဲ Mr Kane ရဲ့ဇတ်ရုပ်ကို ထင်သာမြင်သာအောင် ဖော်ပြသွားပါသည်။အဖွင့်ရိုက်ချက်တွင် တောင်ကုန်းပေါ်မှထီးထီးကြီး ရှိနေတဲ့ အိမ်ကြီးမဟာ ကိုနောက်ခံထားပြီး မြူမှုန်များကြားမှ K ဆိုတဲ့ဖောင်းကြွစားလုံးကြီးရေးထွင်းထားတဲ့ ခြံစည်းရိုးမြင့်ကြီး ကိုုရိုက်ပြသွားပါတယ်။ပိုပြီးအသေးစိပ်ပြတဲ့အခါမှာတော့ ထင်းရူးပုံးခွံတွေ၊ ရှေးဟောင်း အနုပညာပစ္စည်းတွေ ဟာပျံ့ကျဲလို့နေပါတယ်၊အဲဒီနောက် အဲဒီအိမ်ကြီးအတွင်းမှာခန်းနားထည် ဝါမှုတွေရှိနေပေမဲ့ အထီကျန်ဆန်နေတာကိုလည်းပြသွားပါတယ်။နောက်တစ်ကဒ်Exterem-Close up shot မှာတော့ Mr Kane ကသူရဲ့နောက်ဆုံးထွက်သက်နှင့် အတူ "Rosebud" ဆိုပြီးညီးတွားပြီးသူလက်ထဲက paper weight ဆီးနှင်းပုံဖန်းလုံးဟာလွတ်ကျကွဲသွားကာ သူရဲ့ငယ်ဘဝကိုစတင်မိတ်ဆက်လိုက်ပါတယ်။အဲဒီမှာမေးခွန်းတွေပေါ်လာပါပြီ Mr Kane ဆိုတာဘယ်သူလဲ၊သူကဘာလဲ၊သူရဲ့နောက်ဆုံးစကား "Rosebud" ဆိုတာကရောဘာလဲ စသည်စသည်ဖြင့်ပေါ်လာပါတော့တယ်။အဲဒါတွေကိုဖြေတဲ့အနေနဲ့ နောက်တစ်ခန်းမှာ သတင်းထောက်တွေ Mr Kane ရဲ့ သတင်းရုပ်ရှင်ကိုကြည့်တဲ့အခန်းကိုကူးသွားပါတယ်။အဲဒီလို Mr Kane ရဲ့သတင်းရုပ်ရှင်ကားကိုပြလိုက်ခြင်းအားဖြင့် Mr Kane ဆိုတာမည်ကဲ့သို့အောင်မြင်ကျော်ကြားခဲ့သူဖြစ်ကြောင်း Mr Kane ရဲ့ဇတ်ရုပ်ကို အရုပ်တွေနဲ့(told with picture) ၁ မနစ်အတွင်းမိတ် ဆက်ပေးလိုက်ပါတော့တယ်။အဲဒီလို Mr kane ရဲ့ "Rose Bud " ဆိုတာဘာလဲ ဘယ်သူလဲ ဆိုတာ ကိုရှာဖွေဖော်ထုတ်ခြင်း နှင့် အတူ Mr Kane ရဲ့ ဇတ်ကြောင်းဟာ အဲ့ဒီ Citizen kane ဆိုတဲ့ဇတ်လမ်းပင်ဖြစ်ပါတယ်။အဲဒါ ဇတ်ညွန်းရဲ့ Subject ပင်ဖြစ်ပါတယ်။
အဲဒီတော့ဇတ်ညွှန်းတစ်ခုဖြစ်လာဖို့ဘာတွေလိုမလဲ။idea ရှိမှဖြစ်တယ်ဆိုတာမှန်ပေမဲ့ အဲဒီ
idea တစ်ခုတည်းနဲ့ ဇတ်ညွန်းတစ်ပုဒ်ကောက်ကာငင်ကာ ရေးလို့မဖြစ်သေးပါဘူး။idea ဆိုတာ အမှန်တော့မှုန်ဝါးဝါး စိတ်ကူးစိတ်သန်းအဆင့်မျှသာရှိပါသေးတယ်။idea သက်သက်မှာ အသေးစိပ် အချက်အလက်၊နက်ရှိုင်းမှု ၊ဇတ်အိမ်တွေ မရှိသေးပါဘူး။ဒါကြောင့်ဇတ်ညွန်း တစ်ပုဒ်ကိုရေး ဖို့ ဆိုရင် idea အပြင် အခြားအချက်တွေပါလိုပါသေးတယ်။
ဇတ်ညွန်းတိုင်းမှာ ဇတ်လမ်းက ဘာအကြောင်းလဲ ဆိုတဲ့ Subject ရှိပါတယ်။ကွျှန်တော် တို့ ဇတ်လမ်းတစ်ခုကို ဥပမာအားဖြင့် လူတစ်ယောက်က နေရာတစ်ခုမှာ ကိစ္စတစ်ခုကိုဆောင်ရွက်နေသည် လို့တွေးလိုက်မယ်ဆိုရင် လူတစ်ယောက်ဆိုတာက အဓိကဇတ်ကောင်(main character)ဖြစ်ပြီး ကိစ္စတစ်ခု
ကိုဆောင်ရွက်နေခြင်းမှာ သူ့ရဲ့လုပ်ဆောင်ချက် (Action) ဖြစ်ပါတယ်။ဒါကြောင့် ဇတ်လမ်းတစ်ပုဒ် ရဲ့ရည်ရွယ်ချက် (Subject ) လို့ဆိုလိုက်တာနဲ့ ကွျှန်တော်တို့ဟာ Action နဲ့ Character အကြောင်းကိုပြော
ခြင်းဖြစ်တယ်လို့မှတ်ယူရပါမယ်။
ဇတ်ညွန်းတွေက အထက်ကဆိုခဲ့တဲ့ Action နဲ့ Character တွေကို စိတ်ဝင်စားဖွယ်ဖြစ်
အောင်လုပ်ခြင်းပင်ဖြစ်ပါတယ်။ဒါကြောင့် ဇတ်ညွှန်းရေးသူဟာအခြေခံအရေးကြီဆုံး အနေနဲ့သူရဲ့ ဇတ်လမ်း ဟာ ဘယ်သူ့အကြောင်းဖြစ်တယ် ၊ သူဘာတွေဖြစ်တယ် ဆိုတာကိုသိဖို့လိုအပ်ပါတယ်။အဲဒါတွေသိပြီဆိုရင်
စာကြောင်းအနည်းငယ်နဲ့ဖော်ပြနိုင်ပြီလား။ဥပမာ၊ ၊အမျိုးသမီးနှစ်ဦး ရာဇဝတ်မှု တစ်ခု ကျူးလွန်တဲ့ဇတ်
လမ်းကိုရေးမည်ဆိုပါဆို့ အဲဒီ အမျိုးသမီးနှစ်ဦးဟာဘယ်သူလဲ၊ဘယ်ကလဲ ၊ သူတို့ရဲ့နောက်ကြောင်းရာဇဝင်
ကရောဘာလဲ ၊ ပြီးတော့သူတို့ဘာ ရာဇဝတ်မှု ကိုကျူးလွန်တာလဲ ဘာလို့လဲ ၊နောက်ဆုံးဘယ်လိုဖြစ်သွားလဲ အဲဒီလိုမေးခွန်းတွေကို ဖြေပြီး လိုအပ်တဲ့ အချက်လက်တွေကို ရတော့မှဇတ်ညွန်းတစ်ပုဒ်ကို ရေးဖို့ ယုံကြည်
စိတ်ချမှု ရနိုုင်ပါမယ်။ကိုယ်ဘာရေးရမယ်ဆိုတာကိုသိတော့မှ ဘယ်လိုအကောင်းဆုံးရေးမလဲ ဆိုတာကို စဉ်းစားလို့ရပါမယ်။
ဒါကြောင့် ဇတ်ညွန်းတစ်ခုရေးတော့မယ်ဆိုရင်း Subject ကိုဦးစွာသိရပါမယ်။ဥပမာ The Last Samurai ရဲ့Subject ဟာ မတရားစစ်မှာပါဝင်ဖို့ ဂျပန်ကိုရောက်လာခဲ့တဲ့ ကြေးစားစစ်သည် Tom Cruz ဟာ သူရဲ့ ရန်သူဖြစ် တဲ့ ဆာမူရိုင်းစစ်သည်တွေကြောင့် နောက်ဆုံး ပြောင်းလည်းသွားရပုံဖြစ်သည်။character ကကြေးစားစစ်သည် ဖြစ်ပြီး ၊ Action က သူမည်သို့မည်ပုံပြောင်းလဲသွားသည်ဆိုသော ကိုယ်၊စိတ်၊အမူရာ ပြောင်းလဲပုံဖြစ်သည်။ဒါဟာ ဇတ်လမ်းရဲ့အပြင်ပန်းသဘောသာဖြစ်ပြီး အတွင်းပိုင်းမှာတော့
အမေရိကန်စစ်ဘက်အကြံပေးအရာရှိဟာ သစ္စာစောင့် သိမှု အကြောင်းသင်ခန်းစာရသွားပုံဖြစ်သည်။
ထို့အတူ Cold Mountain ဇတ်ကားဟာလည်း Inman ရဲ့သူချစ်သူရှိရာ မြို့လေးကိုပြန်လာ
တဲ့အကြောင်းကသူ့ ရဲ့ Subjet ဖြစ်ပါတယ်။လေးနက်တဲ့သဘောမှာတော့ ရင်ထဲကပျော်စရာမြို့လေး၊အချစ်
တွေပြည့်နှက်နေတဲ့မြို့လေး၊နိုင်ငံရေးသုတ်သင်ရှင်းလင်းမှုနဲ့သတ်ဖြတ်မှုတွေ ၊ စစ်ရဲ့အငြင်းပွားမှုတွေ မရှိခင်က အေးချမ်းဖွယ်ရာမြို့လေး အကြောင်းကိုပြောချင်တာပါ။
ဒီနေရာမှာထပ်ပြောပါရစေ ဇတ်လမ်းတိုင်းမှာ သေချာတဲ့ စ လယ် ဆုံး ရှိပါတယ်။ဇတ်လမ်း
တစ်ခုရဲ့ Subject ကို Character ,Action အားဖြင့်စာကြောင်းအနည်းအတွင်း ရှင်းရှင်းလင်း လင်းဖော်ပြ သွားနိုင်ပြီဆိုရင် Structure နဲ့ Storyပိုင်းကိုစတင်ချဲ့ထွင်ဖို့အသင့်ဖြစ်နေပြီလို့ဆိုနိုင်ပါပြီ။အဲဒီလို ရုပ်ထွေးနေတာတွေကိုလျှော့ပစ်ပြီး အဓိကအချက်ကိုဆုပ်ကိုင်မိကာ စာကြောင်းတစ်ကြောင်းနှစ်ကြောင်း အတွင်း ှSubject ကိုမဖော်ပြနိုင်သေးခင်မှာတော့ စာမျက်နှာတွေအများ ကြီးဖြစ်ချင်လည်းဖြစ်နေနိုင် ပါသေးတယ်။ဒါပေမဲ့ စိတ်မပူပါနဲ့ ဆက်ပြီးရေးရင်းရေးရင်းနဲ့ နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့ ဇတ်လမ်းကို တိကျသေချာစွာဖော်ပြလာနိုင်ပါလိမ့်မယ်။
Action နဲ့ Character ကိုနက်နက်ရိူင်းရိူင်း ဖော်ထုတ်နိုင်ဖို့ ကိုယ်ဘာကိုရေးနေတယ်ဆိုတာကို
သိဖို့အထူးအရေးကြီးလှပါတယ်။ဇတ်ညွန်းရေးသူကိုယ်တိုင်မှ ကိုယ်ဘယ်ဟာကို ပြောချင်လည်း တိတိကျမသိ
ရင်ဘယ်သူကမှသိနိုင်မှာမဟုတ်တော့ပါဘူး။မိမိဇတ်လမ်းရဲ့ ရသမြောက်မှုဆိုင်ရာ တာဝန်ဆုံးခန်းတိုင် မတိုင်သိနိုင် ဖို့အတွက်ရွေးချယ်မှု နဲ့ တာဝန်ယူမှု ကိုအမြဲကျင့်သုံးရပါမယ်။ဆန်းသစ်တီထွင်မှု တွေကို လိုအပ်လို့မဟုတ်ပဲ မိမိစိတ်ကြိုက်သာ ရွေးချယ်သင့်ပါတယ်။ဆိုလိုတာက ဥပမာ မိမိရဲ့ Character ကဘဏ် ထဲလမ်းလျှော်ကထွက်သွားသည် လို့ရေးရင် ဇတ်လမ်းအဓိပါယ်တစ်မျိုးဖြစ်ပြီး ပြေးထွက်သွားသည်လို့ ရေးမယ် ဆိုနောက်ထက် ဇတ်လမ်းတစ်မျိုးဖြစ်သွားပါမယ်။
ကဲအဲဒီတော့ ဘာအကြောင်းရေးးမလဲ။ကိုယ်ရေးမယ့် Subject ကို ကိုယ့်ဖာသာပဲ ရှာရုံပေါ့။အကြောင်းအရာတွေ ကမထင်တဲ့နေရာ မမျှော်လင့်တဲ့နေရာ ကနေပေါ်လာတတ်ပါတယ်၊အရေးကြီးတာက
အဲဒါတွေကို ဆက်ပြီး ဇတ်လမ်းတစ်ပုဒ် ဖြစ်လာတဲ့အထိ ဖန်တီး ဖို့ပဲလိုတာပါ။
နောက် post မှာ Subject ကိုဘယ်လို ရှာရမလဲ၊ ဘယ်လို Research လုပ်ရမလဲဆိုတာတွေကို ဆက်လက်ဖော်ပြသွားပါမယ်။
ေက်းဇူးပါ ဗ်ာ...
ReplyDelete